(၃၄)နှစ်​မြောက် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန နှစ်ပတ်လည်​နေ့အထိမ်းအမှတ် တစ်​နေ့တာ အာဟာရဒါန ကုသိုလ်ပြုလုပ်

ချောက် နိုဝင်ဘာ ၄

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ်၌ (၃၄)နှစ်​မြောက် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ နှစ်ပတ်လည်​နေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၉နာရီအချိန်က အမှတ်(၁၅) ရပ်ကွက် ​မြေနီကုန်းရပ်ရှိ​၊ ဇေယျာသီရိဘိုးဘွားရိပ်သာတွင် တစ်​နေ့တာ အာဟာရဒါနကုသိုလ်​ပြုလုပ်​ခဲ့​ကြောင်း သိရသည်။

ထိုသို့ အာဟာရဒါနပြုလုပ်ရာတွင် ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနဒု တိယခရိုင်အုပ်ချုပ်​ရေးမှူး ဦး​ကျော်စိုး၊ မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့ နယ်အုပ်ချုပ်​ရေးမှူးဦးစိုးလွင် နှင့် ခရိုင်/မြို့နယ် မိသားစုစည်းကမ်းထိန်းသိမ်း​​​ရေးနှင့် စည်းရုံး​ရေး​ကော်မတီဝင်များက ​ဇေယျာ သီရိဘိုးဘွားရိပ်သာရှိ အဘိုး(၆)ဦး၊ အဘွား(၂၀)ဦး စုစု​ပေါင်း(၂၆)ဦးအတွက် တစ်​နေ့တာ အာဟာဒါနကုသိုလ်အဖြစ် နံနက်စာ၊ ​နေလယ်စာ၊ ည​နေစာ​ကျွေး​မွေးခြင်း၊ ကြက်ဥနှင့် မုန်ပုံးများ ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)