သတင်းများ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်အကြိုကာလအတွင်း ဘုရားဖူးလာရောက်သူ တစ်ရက်လျှင် လူဦးရေ တစ်သောင်းခန့်လာရောက်ဖူးမြော်
Apr 09,2022
ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာရောက်ကြရာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရားများတွင် သင်္ကြန်အကြိုကာလအတွင်း ဘုရားဖူးလာရောက်သူ ၁၀၀၀၀ ဦးခန့် လာရောက်ဖူးမြှော် လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။
လေပြင်းများတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်ကျေးရွာများတွင် နယ်မြေလုံခြုံရေးတပ်ဖွဲ့များနှင့်  မီးသတ်တပ်ဖွဲ့များမှ ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်
Apr 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်ခတ်သဖြင့် တောင်လည်ကျေးရွာ၊ ချောင်းဖြောင့်ကျေးရွာ၊ လှည်းကူးကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့ရှိ လူနေအိမ်များ အမိုးလန်ပြိုလဲခြင်းများ ဖြစ်ပွားခဲ့သည်။
သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Apr 09,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ရသလမ်းဆုံ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်၊ ကညင်ပင်ကျေးရွာအုပ်စု၊ ခတ္ထိယကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ အုပ်စုတို့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုလဲခြင်း၊ အမိုးလန်ခြင်များ ဖြစ်ပွား
Apr 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကညင်ပင်ကျေးရွာအုပ်စု၊ ခတ္ထိယကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာအုပ်စုတို့၌ ယမန်နေ့ညနေ ၃ နာရီခွဲခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကညင်ပင်ကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာတွင် သွပ်မိုး၊ ဓနိကာ၊ ဝါးခင်းနေအိမ်(၁)လုံး၊ ခတ္ထိယကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာတွင် သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ ထန်းတပင်ကျေးရွာအုပ်စု၊ သံပရာချောင်ကျေးရွာတွင် ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ ထန်းတပင်ကျေးရွာအုပ်စု၊ သံပရာချောင်ကျေးရွာတွင် သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံးတို့ ပြိုကျပျက်စီးခဲ့ပြီး ထန်းတပင်ကျေးရွာအုပ်စု၊ သံပရာချောင်ကျေးရွာတွင် သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး သွပ်များ အမိုးလန်ပျက်စီးခဲ့သည်။
လူထုအ​ခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်
Apr 09,2022
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး အ‌နောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့က ကြီးမှူးဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ရန်ကုန် အနောက်ပိုင်းခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ၌ ဖွင့်လှစ်သည်။
မိုးကြိုးဘေးကြောင့် အသက်သေဆုံးသူ၏ မိသားစုဝင်အား ထောက်ပံ့ငွေပေးအပ်
Apr 09,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ဧပြီလ(၇)ရက်နေ့ ညနေ့ (၄) နာရီခွဲအချိန်ခန့်က နတ်မှော်ကျေးရွာတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်နေစဉ် မိုးကြိုးထိမှန်မှု ကြောင့် အခင်းဖြစ်ရာနေရာ တွင်သေဆုံးသူ၏ မိသားစုဝင်အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုလျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေခြင်းဆိုင်ရာ အစီအစဉ် Unboxing Investment Facilitation Toolkit 2022 ကို ရှင်းလင်းမိတ်ဆက်
Apr 09,2022
ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ပြည်နယ်အတွင်း စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍ ပိုမိုလျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး အစီအစဉ်များ Unboxing Investment Facilitation Toolkit 2022 မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
မိုးညှင်းမြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
Apr 09,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နှစ်သစ်ကူး မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။