ကျောက်တလုံးကြီး နိုဝင်ဘာ ၄
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများစုပေါင်းကာ ကျောက်တလုံးကြီးမြို့ အောင်ဓမ္မစေတီဘုရားတောင်ပေါ်နှင့်နောင်လုံရပ်ကွက် တို့တွင် ယနေ့နံနက် (၁၀) နာရီက ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့ အောင်ဓမ္မစေတီဘုရားတောင်ပေါ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် ဝန်ထမ်းများ၊မြို့ပေါ်(၆)ရပ်ကွက်အတွင်းရှိ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ၊ စေတနာ့ဝန်ထမ်းများစုပေါင်း၍ စေတီတော်တွင် ဘုရားပန်းများ အသစ်ကပ်လှူပူဇော်ခြင်း၊ စေတီတော်ပုရာဝဏ်အတွင်း တံမြက်စည်းလှည်းခြင်း၊ အမှိုက်များကောက်ခြင်း၊ စေတီတော် အပြင်ဘက်တွင် ပေါက်ရောက်နေသော ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များမီးရှို့ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် နောင်လုံရပ်ကွက်အတွင်းရှိ လမ်းများပေါ်တွင် အမှိုက်များကောက်ယူခြင်းနှင့်ပေါင်းမြက်များ ရှင်းလင်းရှင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)