သတင်းများ

တိုက်ကြီးမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Nov 04,2022
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံအုပ်ချုပ်ရေးအရည်အသွေး မြင့်မားလာစေရန် ရည်ရွယ်လျက် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို  ယမန်နေ့ နံနက်  ၈ နာရီ ၃၀ မိနစ်က အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဘဝပန်းတိုင်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Nov 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် ဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသော စာအုပ်စင်တိုင်းတွင်ရှိရမည့် စာအုပ်၊ မြန်မာလူငယ်တိုင်း ဖတ်သင့်သည့် စာအုပ်၊ ဖတ်သူတိုင်း ထိရောက်ထူးခြားမည့် စာအုပ်ဖြစ်သော ဘဝပန်းတိုင်စာအုပ်ဖြင့် ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းဆေးများ ဆက်လက်ထိုးနှံပေး
Nov 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း ကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၇ နာရီခွဲက ပထမ အကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရမည့် ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအသင်းမှ အခမဲ့ ကွန်ပျူတာသင်တန်း ဖွင့်လှစ်
Nov 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ပညာလင်္ကာရ၏ ဦးဆောင်မှုဖြင့် အခမဲ့ ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ အခြေခံစားကုန်ဆန်များ အားသက်သာသော ဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး
Nov 04,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မင်းလှမြို့နယ်အတွင်းရှိ  အခြေခံလူတန်းစားများ စားဝတ်နေရေးအဆင်ပြေစေရန်၊ အခြေခံစားကုန်ဆန်များ သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက်(၇)နာရီက ရုံးရပ်မြောက်ပိုင်းရပ်ကွက်၊ တောင်ရပ်ကွက် နှင့်ကွက်သစ်ရပ်ကွက်တို့တွင် ဆက်လက်ရောင်းချပေးလျက်ရှိသည်။
တောင်တွင်းကြီးမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန‌၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်း
Nov 04,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပါတ်လည်နေ့အထိမ်းအမှတ် အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီက တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်းမာရေးစစ်ကြောင်းမှ ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်
Nov 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျန်းမာရေးစစ်ကြောင်းအနေဖြင့် အမှတ် (၅)ရပ်ကွက် အတွင်းနေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask ဖြန့်‌ဝေခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ကလောမြို့နယ်တွင် စာပေချစ်သူများ (Youth Club)ဖြင့် စာဖတ်ဝိုင်းကျင်းပ
Nov 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commuinty Centre) ခန်းမတွင် ယမန်နေ့ မွန်းလွှဲ ၁ နာရီအချိန်က စာပေချစ်သူများ (Youth Club) ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။