သရက်ချောင်း နိုဝင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၂)ရက်နေ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပပြုလုပ်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းဘုံကထိန်အလှူပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ စည်ပင်သာယာကျောက်တိုင်ဝင်းအတွင်းရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသော တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဝင် ကျောက်မြောင်းတောင်သစ်ကျောင်းတိုက်ဆရာ တော်ကြီး ဘဒ္ဒန္ဒအာစရ၊ သရက်ချောင်းမြို့နယ် သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ဇင်ကျောင်းသစ်ကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္ဒကောသလနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ သရက်ချောင်းမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တရားနာဧည့်ပရိတ်သတ်များက တက်ရောက်ခဲ့ပြီး နမော တဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးသံဃာနာယကအဖွဲ့ဝင်ကျောက်မြောင်းတောင်သစ် ကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္ဒအာစရထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဩဝါဒ ကထာခံယူခြင်း၊ ကြွရောက်လာသော ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်တော်မူပြီး တာဝန်ရှိသူများဆရာတော်သံ ဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်း၊ လူဖွယ်ဝတ္ထုငွေနှင့် ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့သည်။ ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ရပ်မိရပ်ဖ ဦးသန်းမြင့်မှ မြို့နယ်အဆင့် ဌာနပေါင်းစုံလှူဒါန်းထားသော ပဒေသာပင် (၁၂)ပင်အား ဆရာတော်များထံ မဲဖောက် လှူဒါန်းခြင်း၊ သရက်ချောင်းမြို့နယ် သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ဇင်ကျောင်းသစ် ကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္ဒကောသလထံမှ တရားနာယူခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဆရာတော်သံဃာတော်များနှင့် တရားနာဧည့်ပရိတ်များက ဗုဒ္ဓသာဿနံစိရံတိဠတု(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)