သတင်းများ

သာစည်မြို့နယ်တွင် အခြေခံပညာ ကျောင်းအုပ်ကြီးများ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသင်တန်း ဖွင့်လှစ်
Nov 04,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်  မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ဆက်လက်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
မိုင်းရယ်မြို့ လူထုအခြေပြုဗဟိုဌာနတွင်  နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ပတ်သက်၍ Talk show ပြုလုပ်
Nov 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့ပူးပေါင်း၍  နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ပတ်သက်၍ အများပြည်သူသို့ အသိပေးချက်ဆိုင်ရာ Talk show ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ
Nov 04,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အလုံခရိုင်၊ အလုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၁၀ နာရီက စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။
လှည်းကူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌တန်ဆောင်မုန်းလပြည့်နေ့အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်
Nov 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ သာမညဖလအခါတော်နေ့ တန်ဆောင်မုန်းလပြည့်နေ့အကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
တမူးမြို့တွင် အ​ခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ဆက်လက် ရောင်းချပေး
Nov 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံ ပြည်သူများအား နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စော်ဘွားရပ်ကွက်တွင် အခြေခံစားသောက်ကုန်များအား ယနေ့နံနက် (၈) နာရီ အချိန်မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ စေတနာရှင်ပရဟိတအဖွဲ့များအား Volunteer စိစစ်ရေးကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကျင်းပ
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ စေတနာရှင်ပရဟိတအဖွဲ့များကို တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ Volunteer စိစစ်ရေး ကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပသည်။
စဉ့်ကူးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ လျှပ်စစ်ပြုပြင် ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်
Nov 04,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ လျှပ်စစ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်(၁ဝ)နာရီက စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့​သည်။
စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်(၅၀)ပြည့် ရွှေရတု စုပေါင်းမဟာ ဘုံကထိန် အလှူတော်ကျင်းပ
Nov 04,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်(၅၀) ပြည့် စုပေါင်းမဟာဘုံကထိန်အလှူတော်ကို ယနေ့နံနက် ၁၀နာရီက စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ အောင်ချမ်းသာမြတ်စွာဘုရားဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။