Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ် ကျောက်စံကျေးရွာရှိ ဒေသခံတောင်သူများနှင့် ဖူးပွင့်မျိုးစေ့ထုတ်သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေး
Apr 09,2022
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ဧပြီ ၉ ရက် (ယနေ့) နံနက် ၇ နာရီခွဲ အချိန်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်စံကျေးရွာရှိ ဒေသခံ တောင်သူများနှင့် ဖူးပွင့်မျိုးစေ့ထုတ် သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် နွေစပါး မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၉)လုံးနှင့် စာသင်ကျောင်(၂)ကျောင်း အမိုးလန်ပျက်စီး
Apr 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စုတွင် လေပြင်း တိုက်ခတ်မှုကြောင့် ယမန်နေ့ ညနေ ၆ နာရီကလူနေအိမ်(၉)လုံးပျက်စီး၍ စာသင်ကျောင်း(၂)ကျောင်းအမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ် စမ်းကန်ကြီးကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၇) လုံးပျက်စီး
Apr 09,2022
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စု၊ စမ်းကန်ကြီးကျေးရွာတွင် ယနေ့နံနက် နံနက် ၄ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃) လုံး ပြိုကျပျက်စီးခဲ့ပြီး (၄) လုံးမှာ အမိုးလန် ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့ မြို့မစည်ပင်သာယာစျေး၌ စျေးရောင်းသူများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပြီးစီးမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေး
Apr 09,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဇံနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေရာအဖွဲ့များ ပူးပေါင်းကာ မြို့မစည်ပင်သာယာစျေး၌ စျေးရောင်းသူများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေများအား ယနေ့ နံနက် ၉ နာရီအချိန်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး
Apr 09,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စာသင်ကျောင်းများ အမိုးလန်ခြင်း၊ ပြိုလဲ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးပြိုလဲပြီး နေအိမ်(၁၀)လုံး အမိုးလန်ပျက်စီး
Apr 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ယမန်နေ့ညနေ ၅ နာရီခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးပြိုလဲပြီး နေအိမ်(၁၀)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းမျိုးနွယ်စုအားလုံးပါဝင်သည့် တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Apr 09,2022
ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ အားလုံးပါဝင်သည့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ပထမဆုံးအကြိမ် အဖြစ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်သူ့အားကစားကွင်း၌ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃၅)လုံး အမိုးလန်ပြီး(၁)လုံးပြိုလဲပျက်စီး
Apr 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ညနေ ၅ နာရီအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းများတိုက်ခတ်မှုကြောင့် နေအိမ်(၃၅)လုံး အမိုးလန ပျက်စီးပြီး နေအိမ်(၁)လုံးပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18635
Page
18636
Page
18637
Page
18638
Current page
18639
Page
18640
Page
18641
Page
18642
Page
18643
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department