သတင်းများ

မိုင်းလုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Apr 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကော်ပေါင်ကျေးရွာအတွင်းရှိ ပြည်သူများကို မိုင်းလုံမြို့ ရှေ့တန်းရုံးမှ လဝကဦးစီးမှူး ဦးအောင်ကျော်စိုးနှင့်ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် ၂၀၂၂ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Apr 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၂ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီအချိန်က ပြည်သူ့ အားကစားကွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့ လူထုအခြေပြု ဗဟိုဌာန၌ အေရိုးဗစ်သင်တန်းဆင်းပွဲ ပြုလုပ်
Apr 10,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်ပညာရေးတို့ ပူးပေါင်း၍ သာစည်မြို့လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သော အေရိုးဗစ်သင်တန်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါခန်းမ၌ပြုလုပ်သည်။
ကချင်ပြည်နယ် သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင် ပူတာအိုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးပြီး ၀န်ထမ်းများနှင့်တွေ့ဆုံ
Apr 10,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်သယံဇာ တရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည် တာ၀န်ရှိသူများနှင့်အတူ ပူတာအိုခရိုင်အတွင်း ပူတာအိုနှင့် မချမ်းဘော့မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ဖြူးပေးလျက် ရှိသော(၃.၂)မဂ္ဂါ၀ပ်ရှိ အထက်နမ့် ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ဓါတ်အားဖြန့်ဖြူး ပေးနေမှုအခြေအနေများကို ယမန်နေ့ နံနက်(၉)နာရီက ကွင်းဆင်းစစ်ဆေးသည်။
လက်ပံတန်းမြို့၌ (၉၆)ကြိမ်မြောက် မဟာဒုက်ဆွမ်းဆန်ဆိမ်းလောင်းလှူပွဲပြုလုပ်
Apr 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရှိ မြို့နယ်လုံးဆိုင်ရာ မဟာဒုက် ဆွမ်းဆန်စိမ်းဝေယျာဝစ္စအသင်းကြီး၏ (၉၆)ကြိမ်မြောက် မဟာဒုက်ဆွမ်းဆနိစိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၈ နာရီက မင်းရပ်ရပ်ကွက် (၃)လမ်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Apr 10,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ် ဆေးထိုးကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၄၈၂၅ ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Apr 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏ (၄၈၂၅) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် နွေရာသီအားကစားအခြခံသင်တန်းဆင်းပွဲကျင်းပ
Apr 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစား အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၅)ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။