သတင်းများ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Apr 10,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီက ပန်းတနော်မြို့နယ်တွင် လေပြင်းတိုက်ခတ်၍ ပြိုကျပျက်စီးသွားသော နေအိမ်များကို ထောက်ပံ့ငွေပေးအပ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေလိုအပ်နေသည့် တာမဏီဘုန်းတော်ကြီးကျောင်းသို့ ရေဂါလံ ၁၆၀၀ လှူဒါန်း
Apr 10,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ပုဂံမြို့ တာမဏီအုတ်ကျောင်းသို့ ယနေ့နံနက် ၁၁ နာရီအချိန်က သောက်သုံး ရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
နှစ်သစ်ကူး ရုံးပိတ်ရက်တွင် ငွေဆောင်ကမ်းခြေ၌ လာရောက်အပန်းဖြေသူများဖြင့် စည်ကား
Apr 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေတွင် နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သည့် ၉.၄.၂၀၂၂ မှစ၍ လာရောက်အပန်းဖြေကြသည့် ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။
မရမ်းကုန်းမြို့နယ်ရှိ အမှတ်(၅)ရပ်ကွက်ရှိ အသက်၁၈နှစ်နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Apr 10,2022
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်း ခရိုင်၊ မရမ်းကုန်းမြို့နယ်တွင်  အသက် (၁၈)နှစ်နှင့်အထက်မိဘပြည်သူများ ကာကွယ် ဆေးထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက် ၉:၃၀ နာရီအချိန်က အမှတ်(၅)ရပ်ကွက်ရှိ ချင်းတွင်းဓမ္မာရုံ၌ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။
တနင်္သာရီမြို့နယ်တွင် ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့် အညီကျင်းပ
Apr 10,2022
မြန်မာနိုင်ကြက်ခြေနီအသင်း အထောက်အပံ့ဖြင့် တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီသူနာပြု တပ်ဖွဲ့၏ လမ်းညွှန်မှုအရ တနင်္သာရီမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့တို့ ပူးပေါင်း၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်ရေးနှင့် တပ်ဖွဲ့ဝင်အင်အား တိုးပွားစေရေးအတွက် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီခွဲအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့် အညီ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကျွန်းလှ၌ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းဆောင်ရွက်
Apr 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ပျဉ်းမမြိုင်ရပ်ကွက်၊ စိန်ပန်းပြာလမ်းအား လမ်းပေါက်ဖာခြင်းနှင့် ရေပိတ်လွှာကတ္တရာလောင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  သိရသည်။
မိုင်းဖြတ်တွင် “လူငယ်ဘက်စုံ တိုးတက်ဖွံ့ဖြိုးရေး” အသိပညာပေး Talk Show ပူးပေါင်း ဆောင်ရွက်
Apr 10,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ “လူငယ်ဘက်စုံတိုးတက် ဖွံ့ဖြိုးရေး” အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၉ နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ပြုလုပ်သည်။
ပြည်မြို့ရွှေဆံတော် စေတီတော်မြတ်ကြီး၌ ကုသိုလ်ပြုစုပေါင်း သန့်ရှင်းရေးဆောင်ရွက်
Apr 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်နှင့် အလယ်ပစ္စယံတို့တွင် ယမန်နေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့‌‌ကြောင်း သိရသည်။