ကံမမြို့နယ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်
Apr 10,2022
မကွေးတိုင်းဒေသကြီးသရက်ခရိုင် ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အမှတ်(၂)ရပ်ကွက် မြို့လယ်လမ်းဆုံ နေရာတွင်ဗဟိုမဏ္ဍပ် တည်ဆောက်ထားရှိပြီး ရေပက်ကစားခြင်း ယိမ်းအကအဖွဲ့များ ဖျော်ဖြေရေး အစီအစဉ်များဖြင့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ဆောင်ရွက် ထားကြောင်းသိရသည်။