သတင်းများ

မအီမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
Apr 10,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မအီမြို့၊ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်နေပြည်သူများကို မအီမြို့၊ အထက်တန်းကျောင်း တွင်စုရပ်ထားရှိပြီး မအီမြို၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်း များက ယနေ့နံနက် ၈ နာရီမှ ညနေ ၃ နာရီအချိန်ထိ ဆက်လက်ထိုးနှံပေးခဲ့ရာ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူ(၃၀၂)ဦးကို ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Apr 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားလှိုင်မြို့နယ် အမှတ်(၁၃) ရပ်ကွက်၊ အမက(၁၁)ကျောင်းတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၂)ကြိမ်( First Dose ၊ Second Dose) ထိုးနှံပြီးသည့် အသက်(၅၀)နှစ်နှင့်အထက်ရှိ သူများအား Booster Dose အကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း(၁၅)ဦးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီးနှင့် အထက်ရှိသူများ ပထမအကြိမ်စုစုပေါင်း(၃၂၀)ဦးနှင့် ဒုတိယအကြိမ် စုစုပေါင်း(၁၈)ဦးရှိကြောင်း သိရှိရသည်။
လူထုအ​ခြေပြုဗဟိုဌာန (ဗဟန်း) (Community Centre) ၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်လှစ်
Apr 10,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး အ‌နောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲ/ တပ်ဖွဲ့က ကြီးမှူးဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂)ကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်အ​နောက်ပိုင်းခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (ဗဟန်း) (Community Centre) ၌ ဖွင့်လှစ် သည်။
ပန်းတောင်းမြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား နည်းပညာပေးဆွေးနွေး
Apr 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက တောင်ဘွေအုပ်စု ပဲကြီးအင်းကျေးရွာ၌ ဆွေးနွေးခဲ့ကြောင်းသိရသည်။
အုတ်တွင်းမြို့တွင် မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပရန် ဗဟိုမဏ္ဍပ် တည်ဆောက်
Apr 10,2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရန်အတွက် အုတ်တွင်းမြို့ ဗဟိုမဏ္ဍပ်ကို  ဓမ္မစေတီလမ်း၊ ဈေးရပ်ကွက်၌ ယမန်နေ့မှ စတင်၍ တည်ဆောက် လျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ၊ သစ်စိမ်းမြေသြဇာ မျိုးစေ့ကြဲပတ်ပွဲ၊ ပိုက်ဆံလျှော်မျိုးစေ့ထုတ် စိုက်ခင်းခြွေလှေ့ပွဲကျင်းပ
Apr 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၌ သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ၊ သစ်စိမ်းမြေသြဇာမျိုးစေ့ကြဲပတ်ပွဲ၊ ပိုက်ဆံလျှော် မျိုးစေ့ထုတ် စိုက်ခင်းခြွေလှေ့ပွဲကို တောင်သူဦးစိန်မောင်သန်း၏ လယ်မြေတွင် ယမန်နေ့ ညနေ ၅ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတတ်မြင့်မားရေး အသိပညာပေးဆွေးနွေး
Apr 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံက်ပိုင်းက မကြီးထုံးအုပ်စု ဆိတ္တဲကျေးရွာ စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်
Apr 10,2022
ကျောင်းသား၊ ကျောင်းသူလေးများ စာပေဖတ်ရှုရာတွင် အဖြတ်အတောက်မှန်ကန်ပြီး အသံထွက်မှန်မှန်ကန်ကန်ဖြင့် စာဖတ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။