ပေါက်ခေါင်းမြို့၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပ

ပေါက်ခေါင်း နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်  ၁၀  နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာ အောင်သင်း ရေးသားသော “ပညာနှင့်ကန်တော့ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က စာပေကို ချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့်စာပေမြတ်နိုးသူ အချင်းချင်းရင်းနှီးမှု ပိုမိုရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဆရာမကြီး ဒေါ်မူမူ‌အေးက “ပညာနှင့်ကန်တော့ခြင်း” စာအုပ်ပါ အကြောင်းအရာမှ သုတနှင့်ပညာ ခေါင်းစဉ်ခွဲကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော အဖွဲ့ဝင်များကလည်း အောင်သင်းမစဉ်းစားမိသမျှ၊ ရှက်စရာအတွက်မျက်နှာပျက်၊ ကံဆိုးလို့ထီပေါက်တာလားစသည့် ခေါင်းစဉ်ခွဲများကို အသီးသီးအပြန်အလှန် ဆွေးနွေးကာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းနှင့်စာ‌ပေချစ်သူများ အဖွဲ့တို့ပူး‌ ပေါင်း၍တစ်လလျှင် တစ်ကြိမ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)