ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းလှူဒါန်းပွဲကျင်းပ

ဒဂုံဆိပ်ကမ်း  နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်()နာရီက အမှတ်(၅)အခြေခံပညာမူလတန်း (မူလွန်)ကျောင်း၊ ဘုရင့်နောင်ခန်းမ တွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကား ပြောကြားပြီးအဖွဲ့ဝင်(၂) ဦးလှကြည်က ပြောကြားရာတွင်ကျောင်းသား/ သူ များအနေဖြင့် ကျောင်းစာသာမက အားကစားနည်းများကိုလည်း စိတ်ဝင်စားစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်အေးမဥ္ဇူက “စာဖတ်ကြပါစို့’’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ နည်းပြနည်းစနစ် ဒေါ်ဂျူးဂျူးမက နိုင်ငံ၏ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်အတွက်  လူငယ်များကို အားကစားနှင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျ ပြန်လည် ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ပါကြောင်း  ရှင်းလင်းပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးတွင်ကျင်းပပြုလုပ်ခဲ့သည့် ပြည်နယ်နှင့်တိုင်းတွင် ဝူရှူးအားကစားနည်းဖြင့် ရွှေ၊ ငွေ၊ ကြေးတံဆိပ် ရရှိခဲ့သော ကျောင်းသူများက သရုပ်ပြသခဲ့ပြီး အခြေခံပညာမူလတန်း(မူလွန်) ကျောင်းအတွက် အားကစားပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဒေါ်ခင်သက်ဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က ဝူရှူးအားကစားနည်းဖြင့် သရုပ်ပြသခဲ့သော သမီးငယ်လေးများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း  သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)