ဗဟန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်
Apr 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်(၃)လမ်းရှိ၊ ဗိုလ်ချုပ်အောင်ဆန်းစျေးဓမ္မာရုံတွင် မြို့မရပ်ကွက်၊ ကြားတောရရပ်ကွက်နှင့် ရွှေနံ့သာရပ်ကွက်တို့ ပူပေါင်း၍ ရပ်ကွက်နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။