ကျွန်းစုမြို့တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကျွန်းစု နိုဝင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီက ယနေ့နံနက် (၁၀) နာရီက မြို့နယ်လူမှုဝန်ထမ်းရုံး၌ လုပ်ငန်းညိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အခြေခံပညာစာသင်ကျောင်းများသို့ ကွင်းဆင်း၍ ကလေးများအား လူကုန်ကူးမှု ဆိုင်ရာနှင့် ယဉ်ကျေးလိမ္မာခေါင်းစဉ်များဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ အဖွဲ့အဝင်များအနေဖြင့် ပူးပေါင်းပါဝင်၍ ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ကျွန်းစုမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဆောင်ရွက်ခဲ့သော PO (၁၁) စောင်အနက် မူးစိတ်ဥပဒေပုဒ်မ (၂)ခု၊ ရာဇသတ်ကြီးပုဒ်မ (၃)ခု၊ ငါးလုပ်ငန်းဥပဒေပုဒ်မ (၆)ခု၊ စုစုပေါင်း (၁၁)ခု ရှိပြီး ကလေးသူငယ် (၈) ဦးအား မိဘအုပ်ထိန်းသူများထံ ခံဝန်ကတိဖြင့် ပြန်လည်အပ်နှံခဲ့ကြောင်း၊ အသက်(၁၈)နှစ်ပြည့်သည်အထိ မော်လမြိုင် လူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်ထားသူ (၂)ဦး ရှိကြောင်း၊ မူးစိတ်ဥပဒေပုဒ်မ (၁)ခု က အမှုမှ အပြီးပြတ်လွှတ်ခဲ့ကြောင်း၊ ပုဒ်မ(၃၇၆)ဖြင့် နစ်နာသူ ကလေးငယ်အား အမှုရင်ဆိုင်စရိတ် ()သိန်းကျပ်နှင့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသော ကလေးသူငယ် အမှု()ခုတွင် နစ်နာသူ ကလေးငယ်အား တရားရင်ဆိုင်စရိတ်နှင့် ဆေးကုသစရိတ် () သိန်းကျပ်တို့ကို ဌာနမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကော်မတီအတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး ဦးစီးအရာရှိ ဒေါ်သီနွဲ့က ပြောသည်။ ထိုနောက် ကော်မတီဝင်များက အသီးသီးဆွေးနွေးခဲ့ရာ ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)