ပြည်ကြီးမဏ္ဍိုင် နိုဝင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဒေသခံများအနေဖြင့် နှစ်ရှည်သီးနှံနှင့် ရာသီပေါ်ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စိုက်ပျိုး လုပ်ကိုင်ကြရာ ကွမ်းရွက်သည် ယခင်နှစ်များထက် ဈေးကောင်းရရှိကြောင်း သိရသည်။
ကွမ်းပင်စိုက်ပျိုးရာတွင် ဘောင်များပေါ်၌ ကျင်းများတူး၍ တစ်ပင်နှင့်တစ်ပင် နှစ်ပေခွဲ၊ တစ်ဘောင်နှင့် တစ်ဘောင် သုံးပေခွဲ၍စိုက်ပျိုးရာ စိုက်ပျိုး၍ (၅) လအကြာတွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်သည်။ နှစ်ပတ်လျှင်တစ် ကြိမ်ခူးဆွတ်ရာ တစ်စည်းလျင် အရွက်(၅၀)ဖြင့် အစည်း(၆၀)မှ (၇၀) အထိ ရရှိကြောင်း၊ မိုးရာသီတွင် (၁၀) ရက်ခြား၍ ခူးဆွတ်၍ရကြောင်းသိရသည်။ ယခင်က ကွမ်းရွက်တစ်စည်းလျှင် (၁၀၀၀) ကျပ်သာရရှိသော်လည်း ယခု အခါတွင် တစ်စည်းလျှင် (၁၅၀၀) ကျပ်ရရှိကြောင်း ကွမ်းရွက်စိုက်ပျိုးသူ ဦးလွင်ငယ်မှပြောသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)