ပုသိမ်ကြီးမြို့နယ်တွင်"ကထိန်အကြောင်းသိကောင်းစရာ"အသိပညာပေး Talk Show ကျင်းပ

ပုသိမ်ကြီး နိုဝင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် "ကထိန်အကြောင်းသိကောင်းစရာ"အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်စာရေး ဆရာမ စုလှိုင်(ပြန်/ဆက်)တို့က ကထိန်ဖြစ်ပေါ်လာပုံအကြောင်းမှာ ဗုဒ္ဓမြတ်စွာဘုရားရှင် သက်ရှိစဥ်ကာလက ဆင်းရဲပင်ပန်းစွာ ဘုရားဖူးလာကြကုန် သော ဓူတင်ဆောင် ဘဒ္ဒဝဂ္ဂီရဟန်းတော် အပါး ၃၀ ကို အကြောင်းပြုပြီး ကထိန်ခင်းခွင့်ပြုခဲ့ရာမှ ဖြစ်ပေါ်လာပြီး ကထိန်ခင်းသည့်ကာလကို သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ ၂၉ ရက် တစ်လသတ်မှတ်ခဲ့ပါကြသည်။

ကထိန်ဆိုတာ မြဲမြံခိုင်ခန့်ခြင်းလို့ အဓိပ္ပါယ်ရပါကြောင်း ကထိန်ခင်းခြင်းကို "ခံ၊ရွေး၊ပေနှင်း၊ စွန့်၊ထိုး၊ခြင်း၊တင်၊ခင်း၊နုမောဒနာ ပြုတယ်လို့ခေါ်ဆိုပြီး သံဃာခင်းတဲ့ကထိန်ဖြစ်တာမို့ အနုမောဒနာပြုတဲ့သံဃာအားလုံးကထိန်ရဲ့ အာနိသင်ငါးပါးကို ခံစားရမည်ဖြစ်ပါကြောင်း စသည့် ကထိန်ခင်းရခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်