၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများ၊ ဂုဏ်ထူးရ ကျောင်းသား/သူများနှင့် ဂုဏ်ထူးသင် ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲကျင်းပ

မအူပင် နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် အောင်ချက်အကောင်းဆုံးကျောင်းများ၊ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးသင် ဆရာ/မများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မအူပင်မြို့၊ တိုးရွှေဝါခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မအူပင်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ လေးများမှ ဆုနှင်းသဘင် သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးမှ အဖွင့်အမှာစကား ပြောကြားသည်။ ၎င်းနောက် ၂၀၂၀ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများအား ဆုချီးမြှင့်ခြင်း၊ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဆုချီးမြှင့်ခြင်း၊ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် အကောင်းဆုံး ကိုယ်ပိုင်ကျောင်းများအား ဆုချီးမြှင့်ခြင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခြင်း၊ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ အား ဆုချီးမြှင့်ခြင်း၊ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးမွဲတွင် ဂုဏ်ထူးသင် ဆရာ/ဆရာမများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကိုယ်စား အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ (၃)ဘာသာ ဂုဏ်ထူးရကျောင်းသူ မလမင်းပြည့်စုံမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အထက (ခွဲ) အလက (၁) ကျောင်း ကျောင်းသား/သူများမှ ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ သည်။

အဆိုပါ အခမ်းအနားသို့ မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား မိဘများနှင့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြ ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မအူပင်မြို့နယ်မှ (၃)ဘာသာဂုဏ်ထူးရှင် (၉၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၄၀)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၂၉၆)ဦး၊ စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား/သူ (၅၃၀)ဦး ပေါ်ထွန်းခဲ့ပြီး ဂုဏ်ထူးများပါရှိအောင် သင်ကြားပြသပေးခဲ့သော ဆရာ/မ (၁၇၀)ဦး၊ ၂၀၂၀ ခုနှစ်တွင် တက္ကသိုလ်ဝင် အောင်ချက်အကောင်းဆုံးကျောင်း(၃) ကျောင်း၊ ၂၀၂၂ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် အကောင်းဆုံး (၃)ကျောင်းနှင့် အောင်ချက်အကောင်းဆုံး ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်းတို့ ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)