ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk show) ပြုလုပ်

ဒဂုံတောင် နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community center)ခန်းမတွင်  တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးသက်မင်းဟန်က တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ တန်ဆောင်မုန်းလ၌ မည့်သည့်ပွဲ‌တော်များ ကျင်းပကြသလဲ၊ ကထိန်ခင်းခြင်းအားဖြင့် ရရှိနိုင်သည့်အကျိုး ကျေးဇူးများကို မေးမြန်းဆွေးနွေးခဲ့ရာ စာပေချစ်မြတ်နိုးသူ ဦးအောင်ခိုငိဟိန်းမှ အသေးစိတ်ဆွေးနွေး ပေးခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်သော အသိပညာပေး အစီအစဉ်များအပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတများရရှိစေရန် လစဉ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ ရိုက်ကူးပြီး အွန်လိုင်းမှတဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)