(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲ ကျင်းပ

မိုင်းယန်း နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများအား နေ့ထူးနေ့မြတ်များကို မမေ့အပ်စေရန်အတွက် “(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန၌  ကျင်းပသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ်များကို မမေ့အပ်ပဲ အစဉ်မြဲ ထိန်းသိမ်းကြရန်နှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအကျဉ်းကို အသိပညာပေးရှင်းလင်း ဟောပြောခဲ့ပြီး “(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့”အကြို အထိမ်းအမှတ် အမျိုးသား အောင်ပွဲနေ့ဖြစ်ပေါ်လာပုံ မှတ်တမ်းဓာတ်ပုံများကို ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး