လေးမျက်နှာ နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်း၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းရေးဆွဲနည်း (AVIP)သင်တန်း ဖွင့်လှစ်ခဲ့သည်။
လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် လေးမျက်နှာမြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်မည့် သခွတ်ချောင်းကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာနှင့် ခြောက်ဆယ်ကျေးရွာအုပ်စု ရိုးကြီးကျေးရွာတို့မှ ကော်မတီဝင်များအား စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ဆောင်ရွက်နိုင်စေရန်၊ စီမံကိန်းဖောင်ပုံစံ (၄၈)မျိူးအား စနစ်တကျရေးဆွဲတတ်စေရန်နှင့် ကော်မတီဝင်များ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် စီမံကိန်းကျေးရွာ(၂၀)၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၁၄)ခု၊ အုပ်ဘောင် ချောင်းချောက် လုပ်ငန်း(၁)ခု၊ လျပ်စစ်၀.၄လိုင်းဆွဲခြင်းလုပ်ငန်း (၅)ခုတို့အား နိုင်ငံတော်မတည်ငွေ ကျပ်သိန်း(၁၀၀)နှင့် ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေများ စုပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းရေးဆွဲနည်း (AVIP)သင်တန်းကို ဆက်လက်ပို့ချခဲ့သည်။ သင်းတန်းကို နံနက်၉နာရီမှ ညနေ၄နာရီအထိ (တစ်ရက်)ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းကို ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မှ စတင်၍ ကျေးရွာ (၁၉)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ကျေးရွာ(၂၀)ရွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)