ချောင်းဆုံမြို့နယ်တွင် နေကြာစိုက်ပျိုးသည့်တောင်သူများအား နေကြာမျိုးစေ့များဖြန့်ဝေ

ချောင်းဆုံ  နိုဝင်ဘာ 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင်စားသုံးဆီဖူလုံဖို့နေကြာသီးနှံ စိုက်ကြစို့ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းဆီစားသုံးမှုဖူလုံရေးနှင့် နေကြာစိုက်တောင်သူများအား နေကြာသိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူများအား နေကြာမျိုးစေ့များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၂၂၀၂၃ခုနှစ် နေကြာစိုက်ပျိုးရာသီတွင် စိုက်ပျိုးရန်လျာထား ဧကမှ(၃၁၀၀)ဧကရှိကြောင်း ချောင်းဆုံမြို့နယ်တွင် နေကြာမျိုးစေ့အိတ်ပေါင်း (၁၃၀၀)အိတ် ရောက်ရှိပြီး နေကြာစိုက်ပျိုးသည့်ကျေးရွာ(၁၅)ရွာမှ တောင်သူများအားမျိုးစေ့ အိတ်ပေါင်း (၆၈၇)အိတ်ကို နိုဝင်ဘာလ()ရက်နေ့က တစ်အိတ်လျှင်(၂၀၀၀ဝိ/−)ကျပ်နှုန်းဖြင့် ဖြန့်ဖြူးပေးခဲ့ ပြီးဖြစ်ကြောင်း ကျန်ရှိသည့်နေကြာမျိုးစေ့များအား ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)