ဇလွန် နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များမှ စုပေါင်းကျင်းပသည့် (၃၅) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ယင်းမလွတ် ကျေးရွာအုပ်စု၊ ဂျမ်းတိုက်ကျောင်းသစ်တွင် ကျင်းပခဲ့သည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များက နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဂျမ်းတိုက်ကျောင်းကြီး ဆရာတော်ဘဒ္ဒန္တဉာဏဓဇထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့သည်။ ယင်းနောက် ကြွရောက်တော်မူလာသော သံဃာတော် အရှင်သူမြတ်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ဂျမ်းတိုက်ကျောင်းကြီးဆရာတော် ဘဒ္ဒန္တဉာဏဓဇထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ကထိန်သင်္ကန်းနှင့် ကထိန်အနုမောဒနာ တရားတော်နာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှုဒါန်းခဲ့ကြသည်။
ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များမှ စုပေါင်းကျင်းပသည့် မဟာဘုံကထိန်ပွဲ ဆပ်ကပ်လှုဒါန်းရာတွင် ငွေသားတန်ဖိုးငွေကျပ်သိန်း ( ၈၈၂၄၂၀၀)၊ အလှူပစ္စည်းတန်ဖိုးငွေကျပ် (၃၂၉၄၄၀၀)၊ စုစုပေါင်းတန်ဘိုးငွေကျပ်သိန်း (၁၂၁၁၈၆၀၀) အား လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)