သတင်းများ

ဇီးကုန်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်
Apr 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီသာယာဝတီခရိုင်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အမှတ်(၄)ရပ်ကွက် စည်ပင်သာသာ လမ်းတွင် ဗဟိုမဏ္ဍပ်တည်ဆောက်ထားရှိပြီး ရေပက်ကစားခြင်း ယိမ်းအကအဖွဲ့များ ဖျော်ဖြေရေး အစီအစဉ်များဖြင့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။
မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများသွားရောက်လှူဒါန်းပေး
Apr 12,2022
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနသည် သောက်‌ရေသုံးရေအခက်အခဲရှသော မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ရေများ မပြတ်လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့က မြင်းမူမြို့ အနောက်ပိုင်းကွက်ရှိ ကံသာဘုန်းတော်ကြီးကျောင်းသို့ ရေများသွားရောက် လှူဒါန်းပေးပို့ခဲ့ကြောင်းသိရှိရသည်။
ကျောက်ဆည်မြို့နယ်၌ ညောင်ရွှေ-ကြက်လျှာ ကျေးရွာချင်းဆက်လမ်းပေါ်တွင် Box Culvert တံတား တစ်စင်းဆောက်လုပ်ပေး
Apr 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက်ကွာဟမှုလျော့နည်းစေရေး၊ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းများနှင့် တံတားများအား ပြုပြင်ဆောက်လုပ်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် ညောင်ရွှေ-ကြက်လျှာ ကျေးရွာချင်းဆက်လမ်းပေါ်တွင် Box Culvet တံတားတစ်စင်း ဆောက်လုပ်ပေးခဲ့ကြောင်းသိရှိရသည်။
မြောက်ဦးမြို့၌ သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း၌ ရှေးဟောင်းသမိုင်းဝင်အထင်ကရ ဘုရား၊ ပုထိုး စေတီများ၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား
Apr 12,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အထင်ကရရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုးစေတီများတွင် သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း၌ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့စသော အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းဘုရားဖူးလာရောက်ကြသူများ ယနေ့နံနက်ပိုင်းမှ စ၍ စည်ကားလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Apr 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော် မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကသာမြို့၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာခိုင်နှုန်းပြည့်ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Apr 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းမရှိသေးသည့် ပြည်သူများအား ကာကွယ်ဆေးများ ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆေးထိုးနေရာများခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ဗန်းမောက်မြို့ မြို့အဝင်ကိုဗစ်စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသည့် ခရီးသွားပြည်သူများအား ကာကွယ်ဆေးများထိုးနှံပေး
Apr 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ဝန်ထမ်းများနှင့် အခြားဒေသမှ လာရောက်ကြသည့် ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရေးနှင့် လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စစ်ဆေး၍ မြို့အဝင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်၌ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။
ပလင်းကမ်းသာယာဆင်စခန်း သင်္ကြန်ရုံးပိတ်ရက်များအတွင်း ခရီးသွားဆင်ချစ်သူများ ဝင်ရောက်မှုများပြားလာ
Apr 12,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်းသို့ သင်္ကြန်ကာလရုံးပိတ်ရက်များတွင်  ခရီးသွားဆင်ချစ်သူများ ဝင်ရောက်လည် ပတ်မှုများပြားလာ ကြောင်း ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။