ခရမ်းမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘိုးဘွားရိပ်သာတွင် အာဟာရလှူဒါန်း

ခရမ်း   နိုဝင်ဘာ   ၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက် ၁၁ နာရီက ခရမ်းမြို့ ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား အာဟာရလှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အာဟာရကျွေးမွေးလှူဒါန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ရဲနှင့် ဇနီးဒေါ်ခင်ထက်ထက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများကစုပေါင်း၍ ခရမ်းမြို့ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား တစ်နေ့တာအတွက် အာဟာရထမင်းဟင်းများ ကျွေးမွေးလှူဒါန်း၍ အဘိုး၊ အဘွားတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ ကျပ်ကို ကုသိုလ်ပြုလှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )