ရန်ကင်းမြို့နယ်၌(၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းပွဲပြုလုပ်

ရန်ကင်း နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ရန်ကင်းကလေးဆေးရုံကြီးတွင်  စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသွေးလှူဒါန်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကလေးဆေးရုံအုပ်ကြီးတို့ တက်ရောက်ခဲ့ကြသည်။

ထို့နောက် သွေးအလှူရှင်များအား သွေးမလှူဒါန်းမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးဖောက်စစ်ဆေးခြင်းများကို တာဝန်ရှိသူများမှ ဆောင်ရွက်ပေးခဲ့ကြပြီး သွေးလှူဒါန်းသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အာဟာရဖြစ်စေမည့် အားဖြည့်အစားအစာများကို ပေးအပ်လှူဒါန်းခဲ့ကြပြီး ရန်ကင်းကလေးဆေးရုံအုပ်ကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

အေးအေးသွယ်(ပြန်/ဆက်)