ကျောက်ကြီး နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း သပြေဆောင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်ခန့်ကစတင်ပြီး အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်၊ စီမံခန့်ခွဲရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ ပညာရေးကဏ္ဍ၊ စစ်ဆေးရေးကဏ္ဍနှင့် စာရင်းအင်းကဏ္ဍတို့တွင် စွမ်းဆောင်ရည်နှင့် အသိပညာများ တိုးတက်ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ပညာရေးဌာနမှ ဆောင်ရွက်သည့် မြို့နယ်အဆင့် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲ့မှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် ဦးဆောင်ဆွေးနွေးမည့် ဆရာကြီး ဆရာမကြီး(၃)ဦးက စီမံခန့်ခွဲရေးဘာသာရပ်၊ ဘဏ္ဍာရေးဘာသာရပ်၊ ပညာရေးဘာသာရပ်၊ စီမံကိန်ူဘာသာရပ်၊ ကွန်ပြူတာ/ ICT ဘာသာရပ်၊ ကာယပညာဘာသာရပ်၊ ပြပွဲ ပြိုင်ပွဲ/ စာကြည့်တိုက် ဘာသာရပ်များကို နိုဝင်ဘာလ(၄)ရက်နေ့မှ နိုဝင်ဘာလ(၅)ရက်နေ့အထိ (၂)ရက်တာ နံနက် ၉ နာရီမှ ညနေ့ ၄ နာရီ အထိ ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၅)ဦး၊ အလယ်တန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၁၃)ဦး၊ မူလတန်းကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး(၉၈)ဦး စုစုပေါင်း (၁၁၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်