ကျောက်တန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကျောက်တန်း   နိုဝင်ဘာလ   ၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးကျော်သူကိုကို၊ သန်လျင်ခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူနှင့် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ်နှင့် ကုမ္ပဏီမှတာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ (VDP)များဖြစ်သည့်  ကွနှီးကျေးရွာတွင် ကွန်ကရစ်လမ်းခင်း ခြင်း (၄၃၀’x၁၀’ ၆”) OE လုပ်ငန်း၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဟန်သီရီ Co.Ltd မှ အစဲကျေးရွာ ကုန်ထုတ်တံတား (၄၀’x၁၄’)လုပ်ငန်း၊ Gone Shein Htet Co.Ltd မှ ရေကျော်ကျေးရွာတွင် ၄” အဝိစိတွင်း တူးဖော်ခြင်းနှင့် ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်လုပ်ငန်း၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ရွက်သစ်နုဝေ Co.Ltd မှ နခွဲချောင်-ဘိုးဘ-မုဆိုးဆိပ် ကုန်ထုတ်ဂဝံလမ်း (၂/၄.၄မိုင်x၁၂’ x၀’.၉’) လုပ်ငန်းနှင့် အလားတူ ပြည်ထောင်စု ရန်ပုံငွေဖြင့် Strong Merlion Co.Ltd မှ နရွဲချောင်-ဘိုးဘ -မုဆိုးဆိပ် ကုန်ထုတ်ဂဝံလမ်း (၁.၅မိုင်x၁၂’x၀’.၉’)လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

မြို့နယ်(ပြန်/ဆက်)