လှိုင် နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား/ သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် ယနေ့နံနက် ၉:၃၀နာရီက၊ အမှတ်(၈)ရပ်ကွက်၊ အ.ထ.က (၁)ကျောင်းတွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောင်းသား/ သူ (၁၇၀)ဦးထိုးနှံပြီး ဖြစ်ကြောင်းနှင့်ကျန်ရှိနေသော ကျောင်းသား/ သူများ ကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာသို့ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေး၊ ကာကွယ်ဆေးထိုးနှံမည့်သူများ မကျန်ရှိစေရေး၊ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် စနစ်တကျရှိစေရေးအတွက် ကျန်းမာရေးစစ်ကြောင်းနှင့်ပညာရေးစစ်ကြောင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ လူမှုရေး အသင်း၀င်များပူးပေါင်း၍ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ရဲအောင် (ပြန်/ဆက်)