သတင်းများ

တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက်
Nov 08,2022
တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲ၊စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက်မှုအား ယနေ့ နံနက်(၉)နာရီက မင်းစု(အထက)ကျောင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် တန်ဆောင်တိုင်ရုံးပိတ်ရက်တွင်အင်းဝဒေသရှိ ရှေးဟောင်းသမိုင်းဝင်အထင်ကရနေရာများ၌ ဘုရားဖူးပြည်သူများစည်ကား
Nov 08,2022
၁၃၈၄-ခုနှစ်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်တွင် တံတားဦးခရိုင် တံတားဦးမြို့နယ် အင်းဝဒေသရှိ ရှေးဟောင်းသမိုင်းဝင်အထင်ကရနေရာများနှင့် ဘုရားများတွင် မြန်မာပြည်အရပ်ရပ်မှ လာရောက်သူများပြားလျက်ရှိကြောင်း သိရသည်။
စုကလိမြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်
Nov 08,2022
တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ ၊ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင်  နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲအား ယနေ့နံနက် ၁၁ နာရီ  ကျင်းပပြုလုပ်သည်။
ရမ်းဗြဲမြို့၌ အထွေထွေအုပ်ချုပ်ရေးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
Nov 08,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၂  ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏  (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမတွင်ကျင်းပခဲ့ကြသည်။
ကျောက်ဆည်မြို့နယ် အရှေ့သပြေသာကျေးရွာ အခြေခံပညာမူလတန်း (လွန်) ကျောင်း၌  ကျောင်းဆောင်သစ် (၁) ဆောင် ဆောက်လုပ်မှု (၇၀) ရာခိုင်နှုန်းကျော်ပြီးစီး
Nov 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပညာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စာသင်ကျောင်းဆောင်လိုအပ်လျက်ရှိသည့် ကျောင်းများတွင် ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးလျက်ရှိရာ အရှေ့သပြေသာကျေးရွာ အခြေခံပညာ မူလတန်း(လွန်)ကျောင်း၌ ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိရာ (၇၀) ရာခိုင်နှုန်းကျော်ပြီးစီပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ
Nov 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ စာရေးဆရာမြင့်ရွှေ(ရှမ်းရိုးမ)ရေးသားသော သက်ရှည်ကျန်းမာနည်းလမ်းကောင်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုပ္ပားတောင်ကလပ်တွင် တန်ဆောင်မုန်းလပြည့်နေ့၌ ဘုရားဖူးပြည်သူများ၊ တောင်ကလပ်ပေါ်ရှိ ဆေးကျောက်ပျဉ်ဂူတွင် ဆေးကြိတ်သူများဖြင့် စည်ကား
Nov 08,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့ကြောင်းနှင့် လပြည့်ည အချိန်ခါတွင်လည်း တောင်ကလပ်အထက် ဆေးကျောက်ပျဉ်ဂူတွင် ယုံကြည်သက်ဝင်သူများမှ ပွဲတင်ခြင်း၊ ဆေးမြစ်/ဆေးရွက်များစုပေါင်း၍ ဆေးကြိတ်ခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း တောင်ကလပ် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင် (၃၄) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အခမ်းအနားများပြုလုပ်
Nov 08,2022
ရခိုင်ပြည်နယ် မောင်တောမြို့တွင် (၃၄) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။