သတင်းများ

ကျိုက်ဒုံမြို့အမှတ်(၁)ရပ်ကွက်၌ ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Apr 26,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် (၁)ရပ်ကွက်တွင် နေထိုင်နေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေ ရေးအတွက် အသိ ပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပြပွဲ ခင်းကျင်းပြသ
Apr 26,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုစိတ် တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က စာအုပ်ပြ ပွဲကို ခင်းကျင်းပြသ ဆောင်ရွက်ခဲ့သည်။
ကျောင်းပိတ်ရက်များတွင် အသိပညာဗဟုသုတရရှိစေရန်အတွက် ပြည်သူ့စာကြည့်တိုက်သို့ စာပေများလေ့လာ ဖတ်ရှုရန်လာရောက်
Apr 26,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် အသိပညာဗဟုသုတရရှိစေရန်အတွက် ကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ စာပေလေ့လာဖတ်ရှုသူများ လာရောက်ဖတ်ရှုသူများရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ရာနှုန်းပြည့် ထိုးနှံနိုင်ရေး Mobile ပူးပေါင်းအဖွဲ့မြို့အဝင်အ ထွက်ဂိတ်များတွင်စစ်ဆေးထိုးနှံ
Apr 26,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်း အဖွဲ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီးကြောင်း သက်သေခံ လက်မှတ်ရှိ/မရှိကို မြို့ အဝင်အထွက်ဂိတ်များတွင် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၆ နာရီခွဲအချိန်က စတင် ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်
Apr 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အမျိုးအစား အလုံးရေ ၁၆၀၀၀ နှင့် Astrazeneca အလုံးရေ ၂၀၀၀၀ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကျိုင်းတုံမြို့သို့ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့က ရောက်ရှိသည်။
မိုးညိုမြို့နယ်တွင် စာရေးဆရာ ဒေါက်တာကျော်စိန်၏" လူငယ်လမ်းညွှန်"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်
Apr 26,2022
သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့ပူးပေါင်း၍ စာရေး ဆရာ ဒေါက်တာကျော်စိန် ရေးသားထားသည့် "လူငယ်လမ်းညွှန်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ အသံမစဲမဟာပဌာန်း ဒေသနာတော်ရွတ်ဖတ် ပူဇော်
Apr 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ ကျက်သရေဆောင် လေးမျက်နှာစေတီတော်မြတ်ကြီး (၁၃) ကြိမ်မြောက် အသံမစဲမဟာပဌာန်း ဒေသနာတော်ရွတ်ဖတ် ပူဇော်ပွဲဖွင့်ပွဲကို ယနေ့ နံနက် ၆ နာရီက လေးမျက်နှာစေတီတော် ဂန္ဓကုဋီတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းလောင်းအသင်း၏ ၄၈၄၁ ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Apr 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းလောင်းအသင်း၏ (၄၈၄၁) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။