သတင်းများ

မရမ်းကုန်းမြို့နယ်တွင် သောက်သုံး​ရေ လိုအပ်သည့်​​နေရာများသို့ သွား​ရောက်လှူဒါန်း
Apr 27,2022
ရန်ကုန်တိုင်း​​ဒေသကြီးအတွင်းရှိ ​သောက်သုံး​ရေလိုအပ်သည့်​ နေရာများသို့ မရမ်းကုန်း မြို့နယ်ရှိ “ရွှေရောင်သမိုင်း" အ​ရေး​ပေါ်ကယ်​ဆယ်​ရေးနှင့် လူမှုအ​ထောက်အကူပြု ဖွံ့ဖြိုး​ရေးအသင်း(ERSSDO)မှ ယမန်​နေ့နံနက်ပိုင်းက သွား​ရောက်ကူညီ လှူဒါန်း​ပေးခဲ့သည်။
သာယာဝတီမြို့ အဝင်ဂိတ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေး ခရီးသွားကားများ စစ်ဆေးရေးဂိတ်များဖွင့်လှစ်စစ်ဆေး
Apr 27,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက်
သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုများ(အခမဲ့) ပြန်လည် ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်
Apr 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါန ဆေးရုံတော် ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင် ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရီ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ (၄၇)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းအတွင်း စက္ကူအရုပ်ခေါက်နည်း သင်ကြားပြသပေးခြင်းပြုလုပ်
Apr 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သောကလေးများအား မြို့နယ်ဦးစီးမှူးမှ ယမန်နေ့ မွန်းလွှဲပိုင်းက ကလေးစာဖတ်ခန်း အတွင်း ရောင်စုံစက္ကူများဖြင့် စက္ကူ အရုပ်ခေါက်နည်းများကို သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။     
လမ်းမတော်မြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ ပေး
Apr 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အ.လ.က(၁)ကျောင်း မြမာလာခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်မျိုးစုံရောင်းချနေသောဆိုင်များလိုက်လံစစ်ဆေး
Apr 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူ​ရေးရာဦးစီးဌာန​မှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ဒိုက်ဦးမြို့မစျေးကြီးအတွင်းရှိ
မြဝတီမြို့၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 27,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ဈေးကားနှင့်သား၊ ငါးများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Apr 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ဦးဆောင်၍ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် အတွက် ယမန်နေ့နံနက် (၀၇:၀၀)နာရီအချိန်မှစတင်၍ အမှတ်(၆)ရပ်ကွက်၊ ကမာရွတ် ဘူတာရုံလမ်း၊ အ.ထ.က(၁)ကျောင်းရှေ့တွင် ကြက်သား၊ ဝက်သား၊ အမဲသားနှင့် ဆိတ်သားများကို​ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ကြက်သားတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ(၁၃၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာ(၂၀၀၀၀)ကျပ်ဖြင့် ​စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။