တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက်

တောင်သာ နိုဝင်ဘာ ၈

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲ၊စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက်မှုအား ယနေ့ နံနက်(၉)နာရီ အချိန်က မင်းစု(အထက)ကျောင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင် က ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပ ဗဟုသုတရရှိစေရန်၊ ကျောင်းစာကိုလည်း ကြိုးစား သင်ယူလေ့လာကြရန်လိုကြောင်းနှင့် ကျောင်းသား/ကျောင်းသူများ ပညာရည်ပြည့်ဝနေမှသာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး မိမိဘဝ တိုးတက်မြင့်မားလာနိုင်မှာ ဖြစ်ပါကြောင်း စတဲ့အကြောင်းအရာများအား ဟောပြောပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများက စာဖတ်ဝိုင်းအား ဆက်လက်ကျင်းပရာ ယင်းစာဖတ်ဝိုင်းတွင် ကျောင်းသား/ကျောင်းသူများ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထို့နောက် သဘာဝဘေးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်အား ပြသထားရာ မင်းစု (အထက)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)