သတင်းများ

လှိုင်မြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး နေ့စဉ်ရောင်းချပေး
Nov 08,2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ လှိုင်မြို့နယ်တွင်လည်း အမှတ်(၁၃)ရပ်ကွက်၊ ပန်းခြံကျောင်းလမ်းတွင် ယနေ့နံနက် ၁၀:၀၀ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက် ရှိကြောင်းသိရသည်။
တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက မိဘပြည်သူများသို့ အသိပေးချက်များ မြေစိုက်ပိုစတာစိုက်ထူ
Nov 08,2022
တံတားဦးခရိုင် တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက အလျား(၁၂)ပေ ၊ အနံ(၆)ပေရှိ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ လမ်းမတော်လမ်း သမိုင်းဝင်ဆေးအိုးဖိုဘုရားအနီးတွင်စိုက်ထူကြရာ အခမ်းအနားသို့ တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးတင်စိုးနှင့် ဝန်ထမ်းများ တက်ရောက်ကြကြောင်းသိရသည်။
ရေဖြူမြို့တွင် တန်ဆောင်မုန်း လပြည့်နေ့တွင် ပြည်လုံးချမ်းသာစေတီတော် ရင်ပြင်၌ မီးပုံးပျံလွှတ်ခြင်း၊ စတုဒီသာကျွေးမွေးခြင်း၊ ပဋ္ဌာန်းရွတ်ခြင်း ပြုလုပ်
Nov 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယမန်နေ့ည တန်ဆောင်မုန်း လပြည့်နေ့၌ ပြည်လုံးချမ်းသာဘုရား စေတီတော်ရင်ပြင်တွင် မီးပုံးပျံလွှတ်ခြင်း၊ စတုဒီသာ ကျွေးမွေးခြင်း၊ စုပေါင်းပဋ္ဌာန်းရွတ် ပူဇော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Nov 08,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီခွဲက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း မြသရဖူ ခန်းမဆောင်၌ ကျင်းပသည်။
၂၀၂၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့​၌ (၁၆) ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ် ညမီးပုံးပျံများ ဆက်လက်ယှဉ်ပြိုင်
Nov 08,2022
​မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူး ကံသာဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရားကြီး)၏ (၁၆)ကြိမ်မြောက် တန်ဆောင်တိုင် ပွဲတော်တွင် တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့ ညပိုင်းတွင် ညမီးပုံးပျံများ ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
(၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပြင်ဦးလွင်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းအလှူတော်ကျင်းပ
Nov 08,2022
(၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပြင်ဦးလွင်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းအလှူတော်ကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ မွန်းတည့် ၁၂ နာရီအချိန်အထိ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)ရှိ ရှေးဟောင်းသမိုင်းဝင်ရွှေမြင်တင်ဘုရားဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရုံးဝန်ထမ်းများ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်းအင်အား (၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့၌ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Nov 08,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ ကျောင်းလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုအရည် အသွေး မြင့်မားလာစေရန်အတွက် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ပခုက္ကူမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ဆိုင်ရာ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက် မြေစိုက်ပိုစတာစိုက်ထူ
Nov 08,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့်အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ဆိုင်ရာ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်မြေစိုက်ပိုစတာများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများနှင့်ဌာနဆိုင်ရာရုံးများတွင် လိုက်လံစိုက်ထူကြသည်။