သတင်းများ

ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲနှင့် အခြေခံရှေးဦးသူနာပြုသင်တန်း ကျင်းပ
Apr 27,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ လူငယ်များ နွေရာသီ ကျောင်းပိတ်ရက် များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရှေးဦးပြုစုခြင်းဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်
မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ အသက်၁၈နှစ်နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Second Dose) စတင်ထိုးနှံပေး
Apr 27,2022
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၅)ရပ်ကွက်၊ ​ချင်းတွင်း ဓမ္မာရိပ်သာ၌ ယနေ့နံနက် ၉:၃၀ နာရီအချိန်က ရပ်ကွက်အတွင်းရှိ အသက်၁၈နှစ်နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး( Second Dose) စတင်ထိုးနှံပေးလျက်ရှိသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပူတာအိုမြို့ ရဝမ်ရိုးရာယဉ်ကျေးမှုပြတိုက်နှင့် မြစ်ကြီးနားမြို့ရှိ အရေးကြီးပုဂ္ဂိုလ်(VIP) ဧည့်ရိပ်သာ(ဧရာဝတီ)တို့အား စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်သွားမည်
Apr 27,2022
ကချင်ပြည်နယ်၊ အစိုးရအဖွဲ့မှကြီးမှူး၍ ပူတာအိုခရိုင်၊ ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်ရိုးရာယဉ်ကျေးမှုပြတိုက်နှင့် မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အရေးကြီးပုဂ္ဂိုလ်(VIP) ဧည့်ရိပ်သာ(ဧရာဝတီ)တို့အား စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပြုလုပ်သည့် အဆိုပါ အဆောက်အအုံများ ဖွင့်လှစ်နိုင်ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရှိရသည်။
ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၅၀၉,၅၄၈ ဦးထိုးပေးနိုင်ပြီဖြစ်
Apr 27,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၅၀၉၅၄၈ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများထံက သိရသည်။
မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Apr 27,2022
က​လေးများစာဖတ်သည့် အ​​လေ့အထရရှိ​စေရန်၊ စာ​ပေမှတဆင့် အသိပညာဗဟုသုတရရှိ​စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ပြန်ကြား​​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယ​​မန်နေ့ နံနက် ၉:၃၀နာရီ အချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့သည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး
Apr 27,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေကိုချစ်မြတ်နိုးသူ မိဘပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေးအစီအစဉ်များကို  ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇင်ပင်နှင့်လိပ်ပြာလေး ပုံပြင်စာအုပ်ဖြင့်ရုပ်ပြပုံပြောခြင်း အစီအစဉ်ကိုရိုက်ကူး ထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ကလေးစာဖတ်ခန်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲများ ကျင်းပ
Apr 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးပိုမိုထက် မြက်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့၊ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်းခဲ့ရာ ရေဂါလန် တစ်သိန်းခွဲကျော် လှူဒါန်းခဲ့ပြီးဖြစ်
Apr 27,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေ လိုအပ်လျက်ရှိသော တာလမ်းတဲ တိုက်သို့ ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်ပြီး သောက်သုံးရေ ဂါလန် (၁၆၀၀) သွားရောက် လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော်အသင်း အကျိုးဆောင်များထံက သိရသည်။