သတင်းများ

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများ၊ ကျောင်းများနှင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Nov 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က မီးသတ်ဦးစီးဌာန၊ အ.မ.က(ကြာဖူးငုံ)နှင့် ကုမုဒြာစာကြည့်တိုက်သို့ သုတရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
လပွတ္တာမြို့နယ်တွင် ဆင်းသုခမိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ
Nov 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ နယ်မိုးစပါးထုတ်လုပ်မှု တိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်မတီက ကြီးမှူးကျင်းပ သည့် ဆင်းသုခမိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျောက်မှော်ကျေးရွာအုပ်စုရှိ တောင်သူ ဒေါ်ခင်ရီ၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြေပုံမြို့ရှိ တန်ခိုးကြီးဘုရားများ၌  ဆီမီးပူဇော်လှူဒါန်းသူများနှင့် မီးပုံးပျံလွှတ်တင် ပူစော်သူများဖြင့်စည်ကား
Nov 09,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ တန်းဆောင်းမုန်းလပြည့်သမညဖလအခါတော်နေ့၌  အငူဗုဒ္ဓရင်ရိုးတော်ဓာတ်စေတီတော်မြတ်ကြီးနှင့် မြို့ဦးဘုရားစေတီမြတ်ကြီးတို့၌  ဆီမီးထွန်းညှိပူဇော်သူ များ၊ မီ ပုံးပျံလွှတ်တင်ပူဇော်သူများဖြင့် စည်ကားလျက်ရှိသည်။
သာပေါင်းမြို့နယ်၌ စိုက်ဘဏ်ချေးငွေ အကြံပေးအဖွဲ့ အစည်းအဝေးကျင်းပ
Nov 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ စိုက်ဘဏ်ချေးငွေ အကြံပေးအဖွဲ့ အစည်းဝေးကို နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ကျင်းပကြသည်။
ပုသိမ်ကြီးမြို့နယ်တွင် အမျိုးသားနေ့အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများကျင်းပရေးဆွေးနွေးပွဲပြုလုပ်
Nov 09,2022
ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းဝေးခန်းတွင် အမျိုးသားနေ့အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများကျင်းပရေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်း(၂)နာရီတွင် ပြုလုပ်ခဲ့သည်။
မိုင်းယုမြို့၏ သမိုင်းဝင် ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ
Nov 09,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၏ သမိုင်းဝင် အထင်ကရဖြစ်သည့် ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာလ ၇ မှ ယမန်နေ့ထိ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာအနီးရှိ ဟိုခိုဘုန်းကြီးကျောင်း၌ ကျင်းပြုလုပ်ခဲ့သည်။
ကျုံပျော်တွင် နေကြာသီးညှပ်၊ သီးထပ်စိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှု အားပေးခြင်းများ ဆောင်ရွက်
Nov 09,2022
ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ရရှိရေးအတွက် ဆီထွက်နေကြာ သီးနှံများကို စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးမှု စနစ်တကျရှိစေရေးအတွက် သီးညှပ်၊ သီးထပ်စိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် နိုဝင်ဘာ ၈ ရက် နံနက်က လိုက်လံဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။