သတင်းများ

မော်လမြိုင်၌ ငါးသယံဇာတထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Apr 26,2022
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ငါးမျိုးပြုန်းတီးမှုကာကွယ်ရေးနှင့် ငါးသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် မော်လမြိုင်ခရိုင် အတွင်းရှိ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံမြို့နယ်များရှိ တင်ဒါပိုက်ချက် လုပ်ငန်းရှင်များအား ငါးသယံဇာတ ထိန်းသိမ်းနိုင်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခါမ်းပါတ်မြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ဧရာမင်းစပါးမျိုးစေ့များ ဖြန့်ဖြူးရောင်းချပေး
Apr 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ဒေသခံတောင်သူလယ်သမားအတွက် ဧရာမင်းစပါး မျိုးစေ့များ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးသို့တက်ရောက်
Apr 26,2022
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မကွေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ကျိုက်မရော၌ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Apr 26,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်နှင့် ကျေးလက်တောရွာများ၊ ဌာနဆိုင်ရာ ရုံးများ၌ နွေရာသီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး အသုံးပြုကာ လက်တွေ့မီးငြိှမ်းသတ်နည်း ဇာတ်တိုက် လေ့ကျင့်ခြင်းများကို ယမန်နေ့နေ့လယ်က ရေတွင်းကုန်းကျေးရွာရှိ အမှတ်(၁၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ တပ်ဖွဲ့ခွဲဌာနချုပ် ၌ ပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်အတွင်း ကျေးရွာအုပ်စု (၅၂) အုပ်စုမှ တောင်သူ(၄၀၅၁)ဦးအတွက် နေကြာ မျိုးသန့်မျိုးစေ့များ ပေးအပ်
Apr 26,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာမျိုးသန့်မျိုးစေ့ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က အဆိုပါရုံးဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူး သင်တန်းဖွင့်ပွဲကျင်းပ
Apr 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ သည့် အခမ်းအနားမှူး သင်တန်းဖွင့်ပွဲ အခမ် းအနားကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က  လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူ၌ ကိုဗစ် - ၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
Apr 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Covid Shield)၊ (Sinopharm) ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းအဖွဲ့ များက ဆေးထိုးစုရပ် ၂ အုပ်စုနှင့် ကျေးရွာများအရောက်ကွင်းဆင်းကာ ဆောင်ရွက်ပေးလျက်ရှိသည်။
ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေရရှိရေးလုပ်ငန်း (၂)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်
Apr 26,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေရရှိရေးလုပ်ငန်း(၂)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။