သတင်းများ

သာယာဝတီမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြခြင်းများဆောင်ရွက်
Apr 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ထန်းပင်ကုန်းအုပ်စုအနီးရှိ သဇင်ဓာတ်ဆီဆိုင်တွင် ကျင်းပသည်။
ကျောက်ဆည်မြို့နယ်တွင် (၁၅) ကြိမ်မြောက် ထေရ်ကြီး/ဝါကြီး သက်တော်ရှည်ဆရာတော်ကြီး (၂၇) ပါးအား ပူဇော်ပွဲအခမ်းအနားကျင်းပ
Apr 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သံဃနာယက သုဓမ္မာ/ရွှေကျင်  ဦးဆောင်မှုဖြင့်မြို့နယ် အတွင်း သီတင်းသုံးနေထိုင်တော်မှုကြသော သိက္ခတော် (၅၅) ဝါအထက်ရှိ ဂိုဏ်းပေါင်းစုံ သက်တော် ရှည် ဆရာတော်ကြီးများအား (၁၅) ကြိမ်မြှောက် ထေရ်ကြီး/ဝါကြီး ဆရာတော်ကြီး (၂၇) ပါး ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက နေလသုခဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် နွေရာသီအခြေခံပန်းချီသင်တန်းဖွင့်လှစ်
Apr 26,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် နွေရာသီအခြေခံပန်းချီသင်တန်းကို ယမန်နေ့မွန်းလွဲ ၂ နာရီ ခွဲ အချိန်ကစ၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာတွင်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Apr 26,2022
မိတ္ထီလာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ်သန်း ခြောက်ဆယ်ကျော်ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာတွင် စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
သာယာဝတီမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ထားရှိ
Apr 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေး နေကြာမျိုးစေ့များ ပေးအပ်ပွဲကျင်းပ
Apr 26,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရန် ကျေးရွာများအရောက်ကွင်းဆင်း၍‌ နေကြာမျိုးစေ့များပေးအပ်လျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က လယ်သာ(၁)ကျေးရွာအုပ်စု၊သိမ်ကုန်း‌ ကျေးရွာတွင် နေကြာမျိုးစေ့များ ပေးအပ်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့တွင် အလှကုန်ပစ္စည်းများပြုလုပ်နည်း သင်တန်းဖွင့်
Apr 26,2022
​​ကျေးလက်ဒေသမှ ပြည်သူများအရင်းအနှီးနည်း​ပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် ကိုယ်ပိုင်ထုတ်ကုန်လုပ်ငန်းများ​ ထုတ်လုပ်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ  ဖွင့်လှစ်ပေးသည့် နနွင်းအခြေခံအလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းခန်းမ၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်း အောင်မြင်စွာဖွင့်လှစ်
Apr 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်ပညာရေးမှူးရုံးတွင်  ကျောင်းသား၊ ကျောင်းသူများအား မူလတန်းသင်ရိုးသစ် သာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်စနစ်သစ်ပညာရေး (Grade-5) အတွက် ဗဟိုအဆင့်နည်းပြသင်တန်း (TOT) Online သင်တန်း