ကျောက်ဆည်မြို့နယ် အရှေ့သပြေသာကျေးရွာ အခြေခံပညာမူလတန်း (လွန်) ကျောင်း၌  ကျောင်းဆောင်သစ် (၁) ဆောင် ဆောက်လုပ်မှု (၇၀) ရာခိုင်နှုန်းကျော်ပြီးစီး

ကျောက်ဆည် နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပညာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စာသင်ကျောင်းဆောင်လိုအပ်လျက်ရှိသည့် ကျောင်းများတွင် ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးလျက်ရှိရာ အရှေ့သပြေသာကျေးရွာ အခြေခံပညာ မူလတန်း(လွန်)ကျောင်း၌ ကျောင်းဆောင်အသစ်()ဆောင် ဆောက်လုပ်ပေးလျက်ရှိရာ (၇၀) ရာခိုင်နှုန်းကျော်ပြီးစီပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

အဆိုပါ ကျောင်းဆောင်သစ်အား နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ (၁၂၇.၈၇၀) ကျပ်သန်းဖြင့် နန်းစဉ် ရတနာကုမ္ပဏီမှ တာဝန်ယူကာ အလျား(၁၂၀)ပေ၊ အနံ(၃၀)ပေ၊ Steel Structure (၁)ထပ် ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် အခြခံပညာရေးဦးစီးဌာနအနေဖြင့် ဘဏ္ဍာနှစ်အလိုက် အခြေခံပညာ ကျောင်းများတွင်  ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးသည့်အပြင် ပြင်ဆင်ရမည့် ကျောင်းများအား ပြင်ဆင်ပေးခြင်း၊ ကျောင်းဝန်များ လုံခြုံရေးအတွက် အုတ်တံတိုင်းများ ကာရံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်