ရမ်းဗြဲ နိုဝင်ဘာ ၈
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမတွင်ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ ရမ်းဗြဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက အဖွင့်အမှာစကားကြားသည်။ ဆက်လက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့ကြသော သား/သမီး (၃)ဦးအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခြင်း၊ အငြိမ်းစားဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများချီးမြှင့်ပေးခြင်း၊ ဝန်ထမ်းများအား အမှတ်တရအင်္ကျီများ ပေးအပ်ခြင်းများနှင့်အတူ ဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော ဖူဆယ်ဘောလုံးပြိုင်ပွဲတွင်ဆုရရှိကြသည့်အသင်းများကို ပထမဆု၊ ဒုတိယဆုများ ချီးမြှင့်ပေးများနှင့်အတူ ဝန်ထမ်းများမှ တူညီဝတ်စုံများဝတ်ဆင်ပြီး တန့်ရှင်ပင်ဘုရားရင်ပြင်ပေါ်တွင် ကုသိုလ်ဖြစ်သန့်ရှင်းရေးများ စုပေါင်းဆောင်ရွက်ပေးခြင်း၊ ဝန်ထမ်းများအားကံစမ်းမဲဖောက်၍ အမှတ်တရပစ္စည်းများပေးအပ်ခြင်းများကိုပြုလုပ်ပေး၍ ပျော်ရွှင်ကျင်းပခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးဦးခင်မောင်သန်းနှင့်အတူ ဝန်ထမ်း(၈၉)ဦးနှင့် အငြိမ်းစားဝန်ထမ်း (၁၉) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)