စုကလိမြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

စုကလိ   နိုဝင်ဘာ    ၈

တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ ၊ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင်  နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲအား ယနေ့နံနက် ၁၁ နာရီ  ကျင်းပပြုလုပ်သည်။

ထိုသို့ ခင်းကျင်းပြသရာတွင် သုတ/ရသစာအုပ်များ နိုင်ငံတော်ပြန်တမ်း ကလေးစာပေများ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းများ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် နံရံကပ်စာစောင်များအား စုကလိမြို့နေပြည်သူများဗဟုသုတရရှိနိုင်စေရန် ပြသပေးခဲ့သည်။

ထိုသို့ နံရံကပ် စာစောင်နှင့်စာအုပ်စာစောင်ပြပွဲအား သုတ/ရသ စာအုပ် ၁၅၀ အုပ်အား ပြသခဲ့ရာ စုကလိမြို့အထက်တန်းကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရရသည်။

ပိုပိုအောင်