မြစ်သား နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ စာရေးဆရာမြင့်ရွှေ(ရှမ်းရိုးမ)ရေးသားသော သက်ရှည်ကျန်းမာနည်းလမ်းကောင်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က စာဖတ်ဝိုင်းများကျင်းပပြုလုပ်ခြင်းအားဖြင့် စာဖတ်ရှိန်များပိုမိုမြင့်တက်လာပြီး အသိပညာဗဟုသုတများကြွယ်ဝလာကာ အမှားနှင့်အမှန်ကောင်းစွာခွဲခြားဆုံးဖြတ်နိုင်ပြီး အချိန်ကိုကောင်းစွာအသုံးချသူများဖြစ်စေကြောင်း စသည့် ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာအုပ်စာစောင်များချစ်မြတ်နိုးသူများအဖွဲ့ဝင် ဆရာကြီးဦးတင်ထွန်းအောင်က “အနေအထိုင်အတွေးအခေါ်မှန်ကန်ခြင်းသည်” နှင့် “လူ့အသက်သည်သွေးကြော၊ သွေးကြောသည်လူ့အသက်” ဆိုသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ စာပေဝါသနာရှင်ဆရာကြီး ဦးဇော်သိန်းမှ” ရောင့်ရဲတင်းတိမ်သူများသည် စိတ်အမြဲချမ်းသာကြသည်” ခေါင်းစဉ်နှင့်ကျန်းမာရေး၏ အခြေခံအုတ်မြစ်(၄)ရပ်ခေါင်းစဉ်ပါအစားအသောက်ဆင်ခြင်ခြင်း၊ အားကစားလိုက်စားခြင်း၊ ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ခြင်းနှင့် အလွန်အကျွံမသောက်ခြင်းနှင့် စိတ်၏ချမ်းသာခြင်း စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်က ကျန်းမာရေးအတွက်မှတ်သားဖွယ်ရာများ၊ စပျစ်ဝိုင်၊ မုန်လာဥနီ၊ လ္ဘက်ခြေက်၊ ကြက်ဟင်းခါးသီး၊ တရုတ်နံနံ၊ ဒိန်ချဉ်နှင့် ကြက်သွန်ဖြူစားသုံးခြင်း၏ အကျိုးသက်ရောက်မှု စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက သိလိုသည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်
ရဲနိုင်ဦး(မြစ်သား)