တံတားဦးမြို့နယ် တန်ဆောင်တိုင်ရုံးပိတ်ရက်တွင်အင်းဝဒေသရှိ ရှေးဟောင်းသမိုင်းဝင်အထင်ကရနေရာများ၌ ဘုရားဖူးပြည်သူများစည်ကား

တံတားဦး နိုဝင်ဘာ ၈

၁၃၈၄-ခုနှစ်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်တွင် တံတားဦးခရိုင် တံတားဦးမြို့နယ် အင်းဝဒေသရှိ ရှေးဟောင်းသမိုင်းဝင်အထင်ကရနေရာများနှင့် ဘုရားများတွင် မြန်မာပြည်အရပ်ရပ်မှ လာရောက်သူများပြားလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ် အင်းဝဒေသသို့ တန်ဆောင်တိုင်ရုံးပိတ်ရက် ဘုရားဖူးပြည်သူများ လာရောက်သူများပြီး အထင်ကရနေရာဖြစ်သည့် လေးထပ်ကြီးဘုရား၊ မယ်နုအုဌ်ကျောင်း၊ ထီးလှိုင်ရှင်ဘုရား၊ ဗားကရာကျောင်းတော်၊ လောသရဖူဘုရားနှင့် ဆင်ကျုံးခံတပ် ညောင်ရမ်းခေတ်ဘုရားများဖြစ်သော ဝင်္ကပါ၊ မြင့်မိုရ်တောင်၊ ကြောင်လိန်ဘုရား စသည့် အထင်ကရရှေးဟောင်းသမိုင်းဝင်ဘုရားဝင်ဘုရားများတွင် ရပ်နီးရပ်ဝေးပြည်သူများက လာရောက်ဖူးမြော်ရန် နေ့စဉ်ဖွင့်လှစ်ထားကာ အခါကြီးရက်ကြီးများတွင် ဘုရားဖူးပြည်သူ (၅၀၀၀)ဦးခန့်ကျော် လာရောက်ကြကြောင်း တံတားဦးမြို့ ဥတည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဘုရားဖူးပြည်သူများသည် ထီးလှိုင်ရှင်ဘုရား၊ ဗားကရာကျောင်းတော်၊ လောသရဖူဘုရားတို့တွင် ပန်း၊ ရေချမ်း၊ အမွှေးနံ့သာများ ထွန်းညှိပူဇော်ခြင်းများဖြင့် ကုသိုလ်ယူဆောင်ရွက်ကြသည်။ အင်းဝဒေသရှိ အထင်ကရနေရာများနှင့် ဘုရားများတွင် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၊ ပြည်ပဧည့်သည်များက နေ့စဉ်လာရောက်လည်ပတ်ကြပါတယ်။ ဒီနေ့ဟာဆိုရင် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်သည့်အပြင် နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်တိုင်ပွဲတော်တွင် ရဟန်းရှင်ပြည်သူများသည် စုပေါင်းလာရောက်ကြ၍ ဘုရားများဖူးမြော်ကြည်ညိုကြပြီး အထင်ကရနေရာများကို ဝင်ရောက်လေ့လာကြကြောင်း တံတားဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးထံမှသိရသည်။

ထို့အပြင် ရှေးဟောင်းသမိုင်းဝင်ဘုရားများနှင့် အထင်ကရနေရာများတွင်ရောင်းချသော အစားသောက်များကို ဝယ်ယူစားသောက်အနားယူကြခြင်း၊ အလှဓာတ်ပုံများရိုက်ကူးခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းများဝယ်ယူကြဖြင့် စည်ကားလျက်ရှိကြောင်းလည်း သိရသည်။

ရဲတင့်