သတင်းများ

မိုးညှင်းမြို့၌ သင်ရိုးသစ် Grade-5 ဗဟိုအဆင့် နည်းပြသင်တန်းဆင်းပွဲကျင်းပ
Apr 26,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် သင်ရိုးသစ် Grade-5 ဗဟိုအဆင့် နည်းပြသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ မြသရဖူခန်းမ၌ ကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (CoviShield) Booster Dose အပိုထပ်ဆောင်း ထိုးနှံပေး
Apr 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (CoviShield) Booster Dose အပိုထပ်ဆောင်း ထိုးနှံပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက မြို့မရဲစခန်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ ပြည်သူ ၁၉၃၈၅၃ဦးအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးစီး
Apr 26,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဆင်ပေါင်ဝဲမြို့တွင် ရှေးဦးပြုစုနည်းသင်တန်း ဖွင့်လှစ်
Apr 26,2022
ဆင်ပေါင်ဝဲမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစု နည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ဆင်ပေါင်ဝဲမြို့၊အမှတ်(၁)အခြေခံ ပညာမူလတန်းလွန် ကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် အဖွဲ့ဝင်များ ဆင်ပေါင်ဝဲမြို့သို့ ရောက်ရှိ၍ တွေ့ဆုံပွဲ ဆောင်ရွက်
Apr 26,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ဆင်ပေါင်ဝဲမြို့သို့ရောက်ရှိ၍ ဆင်ပေါင်ဝဲမြို့၊မြို့အဝင်ရှိ တည်ထားကိုးကွယ်တော်မူသော ဘုရားငါးဆူစေတီတော်မြတ်ကြီးအား ဝင်ရောက်ဖူးမျှော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ခဲ့ပြီး ဂေါပကအဖွဲ့ထံသို့ အလှူငွေများ‌ ပေးအပ်လှူဒါန်းခဲ့သည်။
ကျွန်းစုမြို့တွင် လူထုအခြေပြုဗဟိုဌာန၌  ပန်းအလှထိုးနည်း သင်တန်း ဖွင့်လှစ်သင်ကြား
Apr 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာနက နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေ‌ရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပန်းအလှထိုးနည်းသင်တန်းကို ယမန့်နေ့ မွန်းလွဲ(၁) နာရီအချိန်က မြို့နယ် ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရ သည်။
သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်
Apr 26,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ပြည်သူများအနေဖြင့် မိသားစု စီးပွားရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရေး ရည်ရွယ်၍ တပိုင်တနိုင် ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  Community Centre ခန်းမ၌ ပြုလုပ်‌‌ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန၌ အိုမီခရွန်(Omicron) အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်
Apr 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် အိုမီခရွန်(Omicron) ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာပေး Talk show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။