လွိုင်လင်မြို့နယ်အတွင်း အခြေခံပညာဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေး
Nov 09,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ လွိုင်လင်မြို့နယ်အတွင်းရှိ ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းများကို ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉နာရီ ၃၀မိနစ်က တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေးကြသည်။