စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/သူများ စာပေဗဟုသုတလေ့လာဖတ်ရှုနိုင်စေရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးတို့ကို ရည်ရွယ်ပြီး ယနေ့နံနက် (၉) နာရီက အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ဆောင်ရွက်ခဲ့သည်။