သတင်းများ

ညောင်ဦးမြို့နယ်၊ မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာရှိ မွေးမြူရေးတောင်သူများအတွက် ဒေသ မျိုးရင်းနွားမများဝယ်ယူရန် အရင်းမပျောက်လှည့်ပတ်ရန်ပုံငွေပေးအပ်
Dec 09,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာ မွေးမြူရေးတောင်သူများသို့ ဒေသမျိုးရင်းနွားမများဝယ်ယူရန် အရင်းမပျောက်လှည့်ပတ် ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပေါက်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များတွင် အသိပေးနှိုးဆော်
Dec 09,2022
ရခိုင်​ပြည်နယ် ပေါက်တော​မြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းအားပေါက်တော မြို့နယ်မီးသတ်ဦးစီးဌာနမှမီးသတ် တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေပိုင်းအချိန်က မီးသတ်ယာဉ်ဖြင့်ပေါက်တောမြို့ရှိ မြို့ပေါ်ရပ်ကွက်များသို့သွားရောက်ပြီး လှည့်လည်အသိပေးနှိုးဆော်ကြသည်။
ကန့်ဘလူမြို့တွင် မြို့နယ်ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေး
Dec 09,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံ ပြည်သူတို့၏လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး အတွက် အမှတ်(၁)ရပ်ကွက် အနန္တဂုဏ်ရည်ကျောင်းတိုက် ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၈ ရက်နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များအား စာရင်းဇယားများ ဖြည့်သွင်းပို့ချခြင်းနှင့် စီမံကိန်း ရန်ပုံငွေလွဲပြောင်းပေးအပ်
Dec 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန သင်တန်းခန်းမတွင် ယမန်နေ့နံနက်ပိုင်း၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) ကော်မတီဝင်များအား စာရင်းဇယားများ ရေးသွင်းနည်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့သည်။
မိုးမောက်မြို့နယ်အတွင်း ဥပဒေအမှတ် (၄၆/၂၀၂၂) ဖြင့် အသင်း/အဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေချပြရှင်းလင်းခြင်းအခမ်းအနားကျင်းပ
Dec 09,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေအမှတ် (၄၆/၂၀၂၂) ဖြင့် အသင်း အဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြဌာန်းထားရှိမှုအား မြို့နယ်အတွင်းရှိ လူမှုရေးအသင်း အဖွဲ့များထံချပြရှင်းလင်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၈ ရက် နံနက် ၁၀ နာရီခန့်တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဆိုင်းဘုတ်တင်ပွဲနှင့် အသင်းအဆိုပြုလွှာ ပေးအပ်ပွဲကျင်းပ
Dec 09,2022
ခရိုင်အဆင့်/မြို့နယ်အဆင့်(YMBA) ဗုဒ္ဓဘာသာ ကလျာနယုဝအသင်း ဆိုင်းဘုတ်တင်ပွဲနှင့် အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီက သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက်၊ သရက်တောကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကသာမြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ စွန်ပစ်အမှိုက်များအကြောင်း သိကောင်း စရာအသိပညာပေး ဟောပြော
Dec 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ စွန့်ပစ်အမှိုက်များအကြောင်းနှင့် လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး လုပ်ငန်းများ ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်း အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ထိုင်ဝမ်ဖူးစားပြောင်း စိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ အဆင်ပြေ
Dec 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ထိုင်ဝမ်ဖူး‌စားပြောင်းကို ချောင်ရေးနှင့် မြေအောက်ရေတင်ပြီး စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဈေးပိုရောင်းရ၍ အဆင်ပြေ လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။