သုံးခွမြို့နယ်၊ ဇောတိကကျေးရွာတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ဇောတိကကျေးရွာသည် မုတ္တမပင်လယ်ကွေ့နှင့်နီးစပ်လျက်ရှိသည့်အတွက် ကျေးရွာနေပြည်သူများ သဘာ၀ဘေး အန္တရာယ်ကြုံတွေ့လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြုလုပ်တတ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမုန်တိုင်းသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ဇောတိကကျေးရွာ ဆိုင်ကလုန်း Shelter တွင် ယမန်နေ့နံနက် ၈ ခွဲနာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။