ကြို့ပင်ကောက်မြို့သန့်ရှင်းသာယာလှပစေရေး စီမံဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကြို့ပင်ကောက် ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေး စီမံဆောင်ရွက်ထားရှိမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာဈေးကြီး အတွင်း/ အပြင် သန့်ရှင်းသာယာသပ်ရပ်စေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ လမ်းဘေးဝဲ ယာတစ်လျောက် အရိပ်ရသစ်ပင်များနှင့် ပန်းအလှအပင်များ စိုက်ပျိုးထားရှိမှုများ၊ အမှိုက်သရိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများ၊ မြို့တွင်းလမ်းများ ကောင်းမွန်စေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ လမ်းဆိုင်းဘုတ်များနှင့် မြို့အဝင်အထွက် ဆိုင်းဘုတ်များ သစ်လွင်တောက်ပစေရန် ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ မြို့တွင်းသာယာလှပစေရေး ကျိုးပမ်းဆောင်ရွက်ကြရန်၊ လမ်းများအဆင့်မှီ ကြံ့ခိုင်စေရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးထက် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးတိုးအောင်လွင်တို့မှ လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း (ပြန်/ ဆက်)