သတင်းများ

ကျောက်ဖြူမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 09,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေဒေသခံပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင် ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီက အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူ များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က ကျောက်ဖြူမြို့မစည်ပင်သာယာဈေးကြီးနှင့် နာရီစင်ရှေ့လမ်းဆုံနေရာတို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။  
စာဖတ်စာငှား ကျောင်းသားကျောင်းသူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်များအား အခမဲ့စနစ်တကျငှားရမ်းပေး
Dec 09,2022
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူလူငယ်‌လေးများအား ပညာရေးကျန်းမာရေး စီးပွားရေးလူမှုရေးနှင့် အခြားသောထွေထွေဗဟုသုတများ ရရှိတိုး ပွားလာစေရေးသိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံ ပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက်ကျေးလက်စာကြည့်တိုက်များဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာ‌စောင်များအား စနစ်တကျငှားရမ်းပေး လျက်ရှိကြောင်းသိရသည်။
မုံရွာမြို့တွင် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေး အသိပညာပေးဆောင်ရွက်
Dec 09,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်  Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေးအသိပညာ ပေးခြင်းများကို စဉ်စက်မပျက် ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီမှ ၉ နာရီအထိ   မုံရွာမြို့ ရန်ကင်းရပ်ကွက် ကျောက္ကာလမ်း ပေါ်၌ သွားလာသော ပြည်သူများအတွက် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်(Community Centre)ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။
အမရပူရမြို့နယ်၌ ကြက်ခြေနီရှေးဦးပြုစုနည်း (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
Dec 09,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လေးစုရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း၊ အမရအောင်မြေခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက အမရပူရမြို့နယ် ကြက်ခြေနီအသင်း (ခွဲ) နှင့် ပညာရေးဌာနတို့ပူးပေါင်း ဖွင့်လှစ်သည့် ကြက်ခြေနီ ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်းအမှတ်စဉ် ၇-၈-၉-၁၀/၂၀၂၂ ဆင်းပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Dec 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာအသိ ပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရေဖြူမြို့နယ်၊ နတ်တွင်းကျေးရွာတွင် မိုးစပါးစိုက်ပျိုးရိတ်သိမ်းအပြီး မုန်လာဥအပင်များ စတင်စိုက်ပျိုး
Dec 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နတ်တွင်းကျေးရွာတွင် မိုးစပါးစိုက်ပျိုး ရိတ်သိမ်းအပြီး မုန်လာဥဖြူပင်များ ယခုဒီဇင်ဘာလမှစ၍ စတင်စိုက်ပျိုးလျက်ရှိသည်။
ဖောင်းပြင်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ဖြင့်ဖွဲ့စည်းထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။