စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ချမ်းမြသာစည်  ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/သူများ စာပေဗဟုသုတလေ့လာဖတ်ရှုနိုင်စေရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးတို့ကို ရည်ရွယ်ပြီး ယနေ့နံနက် (၉) နာရီက အမှတ် (၃၀) အ‌ခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင် ပြသခြင်းကိုကျောင်းသား/သူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုကြပြီး‌နောက် စာအုပ်စာစောင်များကိုလည်း ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။ အသိပညာပေးနံရံကပ်စာစောင်များတွင် မူးယစ်ဆေးဝါးအန္တရာယ်၊ လူမှောင်ခိုကူးမှုတားဆီးကာကွယ်ရေး၊ သဘာ၀ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ ပါ၀င်ကြောင်းသိရသည်။

ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အ‌ခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အထက်တန်းကျောင်းခွဲများနှင့် အလယ်တန်းကျောင်းများသို့ သွားရောက်၍ လူငယ်စကားဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ်စာစောင် ပြသခြင်းများနှင့် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)