သာကေတမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဆောင်းရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သာကေတ ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် (၈:၃၀) နာရီအချိန်တွင် ၂၀၂၂ ခုနှစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ သာကေတမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဆောင်းရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းက သင်တန်းဆင်းအမှာစကားပြောခဲ့ပြီး ဘောလီဘော အားကစားမှ သင်တန်းသူ/ သားကိုယ်စား၊ သင်တန်းသား (၂)ဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့​ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး သူရိန်ဇော်မှ တိုက်ကွမ်ဒိုသင်တန်းသားများမှ သင်တန်းသူ/ သားကိုယ်စား၊ သင်တန်းသား(၂)ဦးအား သင်တန်းဆင်း လက်မှတ်ပေးအပ်ချီးမြှင့်ခဲ့ပြီး Physical Fitness Dance အားကစားအဖွဲ့မှ သရုပ်ပြ​ဖျော်​​​ဖြေခဲ့သည်။ ထို့​နောက်​ဆောင်းရာသီတိုက်ကွမ်ဒိုသင်တန်းဆင်း​ ကျောင်းသား၊​ ကျောင်းသူများ မှတိုက်ကွမ်ဒိုကစားနည်းများဖြင့် သရုပ်​ဖော်ြပသခဲ့ကြသည်။

ဆက်လက်ပြီး PhysicalFitnessDance အားကစားအဖွဲ့နှင့် တိုက်ကွမ်ဒိုအားကစား အဖွဲ့ဝင်များကို တာဝန်ရှိအဖွဲ့ဝင်များမှ ဆုချီးမြှင့်ခဲ့​​ပေးပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး​ ဒေါ်ချိုချို​အောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဇာဇာချစ်ဦး (ပြန်/ဆက်)