တောင်ပြိုလက်ဝဲ ဒီဇင်ဘာ ၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာတောင်သူလယ်သမားများအား နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ရေးကွင်းဆင်း ပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း (ခွဲ) ကျောင်းခန်းမ၌ ပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ပြိုလက်ဝဲမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအေးကံလှိုင်မှ ကျေးရွာနေတောင်သူများအား နွေစပါးတိုးချဲစိုက်ပျိုးနိုင်ရေး ပညာပေး ဆောင်ရွက်ရခြင်းအား ရှင်းပြောကြားရာ ဒေသဝမ်းစာဖုံလုံရေးအတွက် မျိုးကောင်းမျိုးသန့် စပါးများကို ရွေးချယ်စိုက်ပျိုးရန်နှင့် နွေစပါးတိုးချဲစိုက်ပျိုးရေး နည်းလမ်းများဖြစ်သည့် မြေယာပြုပြင်ခြင်း၊ စိုက်စနစ်မှန်ကန်ခြင်း၊ မြေသြဇာ စနစ်တကျအသုံးပြုခြင်း၊ ရေပေးသွင်းမှု မှန်ကန်ခြင်း၊ ပေါင်းမြက်များ ရှင်းလင်းပေးခြင်းတို့ကို တောင်သူလယ်သမားများအား ကွင်းဆင်း ပညာပေးခဲ့ကြောင်း သိရသည်။
ထိုသို့ တောင်သူလယ်သမားများအား ပညာပေးဆောင်ရွက်ရာသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူလယ်သမား စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းနိုင်(ပြန်/ဆက်)