သတင်းများ

ရွှေပြည်သာမြို့နယ်၌ နွေစပါးနှင့်နေကြာသီးနှံ လျာထားချက်ပြည့်မှီရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Dec 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် နွေစပါးနှင့်နေကြာသီးနှံလျာထားပြည့်မှီအောင် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တောင်သူများနှင့်ကွင်းဆင်းတွေ့ဆုံ မှာကြားလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသ
Dec 09,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၌ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာ ပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ညောင်ဦးမြို့နယ်၌ မြေအောက်ရေအသုံးပြု ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုများလာ
Dec 09,2022
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်း မြေအောက်ရေတူးဖော်ကာ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူ များလာကြောင်း ဖီးကြမ်းငှက်ပျောစိုက် တောင်သူများထံက သိရသည်။
ပေါက်တောမြို့နယ် အ.ထ.က ကျောက်တောင်ကျောင်း၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 09,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက ပေါက်တောမြို့နယ်ရှိ အ.ထ.က ကျောက်တောင် ကျောင်းခန်းမတွင် ကျင်းပသည်။
ကော့သောင်းခရိုင်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို
Dec 09,2022
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ်  ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အထက (၁ )ကျောင်း၊ မြတ်ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက စာအုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဘီးလင်းမြို့နယ်၌ “မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး” အသိပညာပေး (Talk Show) ဆောင်ရွက်
Dec 09,2022
ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၁နာရီက “မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး” အသိပညာပေး (TalkShow) ဆွေးနွေးပွဲကို  Online  အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူများ ယာဉ်ထိခိုက်မှုအန္တရာယ်ကင်းဝေးစေရန်အတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ စစ်ဆေး/အရေးယူခြင်းများဆောင်ရွက်
Dec 09,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူများ ယာဉ်ထိခိုက်မှုအန္တရာယ် ကင်းဝေးစေရန်အတွက် မော်တော်ဆိုင်ကယ်စီးနင်းသူများနှင့် မော်တော်ယာဉ်မောင်းနှင်သူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့်အရေး ယူခြင်းများကိုနေရာအလိုက် လှည့်လည်ဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့နံနက်  ၉ နာရီအချိန်က ကျောက်ပန်းတောင်း ရေနံချောင်း လမ်းအထွက်၊ မြို့နယ် ပြည်သူ့ဆေးရုံရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။